တပ်ကုန်းမြို့၌ မြို့နယ်အဆင့် Primary Eye Care သင်တန်းဖွင့်လှစ်သင်ကြား

တပ်ကုန်း မေ ၂၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်ကုသရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပ သည့် မြို့နယ်အဆင့် Primary Eye Care သင်တန်းဖွင့်လှစ်သင်ကြားခြင်းကို ယနေ့နံနက်ပိုင်းက ဗိုလ်မင်းရောင်ရပ်ကွက်၊ ဗိုလ်မင်းရောင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျင်းပခဲ့သည်။

အဆိုပါသင်တန်းသို့ ကျန်းမာရေးဝန်ထမ်း ၇၄ ဦး၊ ပညာရေးဝန်ထမ်း ၁၈၆ ဦး တက်ရောက်၍  မြို့နယ်အဆင့် Primary Eye Care သင်တန်းကို အဖွဲ့သုံးဖွဲ့ခွဲကာ တပ်ကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးမှ ကြီးကြပ်၍ သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများက သင်ကြားပို့ချခဲ့ပြီး မျက်စိစမ်းသပ်ရာတွင် အထောက်အကူပြု Snellen Chart များ ပေးအပ်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်