ထန်းတပင်မြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းနှင့် UID ပေးခြင်းဆောင်ရွက်

ထန်းတပင် မေ ၂၀

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ လူဝင်ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် ဆိပ်ကြီးရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ပေးထားသော အသက် ၁၀ နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ယနေ့နံနက် ၁၀ နာရီအချိန်တွင် အဆိုပါရုံးတွင် ကတ်ပြားပေးအပ်ခြင်းနှင့် UID ကောက်ယူမှုအားပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ဦး၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်တင်ထွန်း၊ တောင်ငူခရိုင်လူဝင်ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေး ဦးကျော်လွင်ဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်၊ မြို့နယ်လူဝင်ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှဦးစီးအရာရှိ ဦးသက်မြင့်ဦးတို့မှ နိုင်ငံသားစိစစ်ရေးကတ်ပြားတို့ကို  အသီးသီး ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)