နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

နတ်မောက် မေ ၂၁

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောင်းသား/သူ များဖြင့်ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ကျောင်းသား/သူလူငယ်များအနေဖြင့် ကာယ၊ ဥာဏ၊ စာရိတ္တ၊ မိတ္တ၊ သုခ ဆိုသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် နွေရာသီကျောင်း ပိတ်ရက်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်အတွက်ယခုကဲ့သို့ ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက်ပြိုင်ပွဲကို ကျင်းပခဲ့ရာ ကျောင်းသား/သူလေးများက မိမိတို့ဖတ်ရှုလေ့လာထားသည် “သူငယ်ချင်းကောင်း၊ ညီညွတ်ကြပါစို့” ခေါင်းစဥ်ပါပုံပြင်များကို ကိုယ်ဟန်အမူအရာ နှုတ်မှုစွမ်းရည်များဖြင့် စိတ်ဝင်စားဖွယ်ယှဥ်ပြိုင်သည်။ အဆိုပါ ပြိုင်ပွဲတွင်ဆုရရှိသည့် ကလေးငယ်များအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက ဆုများကို ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

လှဝင်း