တပ်ကုန်းမြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် မိုးစပါးအပါဝင် သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ပညာပေးဟောပြောခြင်းဆောင်ရွက်

တပ်ကုန်း မေ ၂၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် မိုးစပါးအပါဝင် သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ပညာပေးဟောပြောခြင်းကို မေလ (၁၈) ရက်နေ့ နံနက်ပိုင်းက ရှောက်ကုန်းဘုန်းတော်ကြီးကျောင်းတိုက်တွင် ကျင်းပသည်။

အဆိုပါဟောပြောပွဲတွင် တပ်ကုန်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးမင်းထွန်း က ၂၀၂၆-၂၀၂၇ခုနှစ် မိုးစပါးရာသီတွင် အထွက်နှုန်းတိုးတက်ရေး၊ မျိုးစေ့အကုန်သက်သာသည့် အစေ့ချကိရိယာ(Seeder)အသုံးပြုရေး၊ ဒေသရေမြေနှင့်ကိုက်ညီသည့် အထွက်နှုန်းကောင်းမွန် သော မျိုးကောင်း၊ မျိုးသန့်များ ရွေးချယ်အသုံးပြုရေး၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး ဓာတ်မြေဩဇာနှင့်သဘာဝ မြေဩဇာတွဲဖက်အသုံးပြုရေး၊ သီးနှံအထွက်နှုန်းမထိခိုက်စေသည့် ဓာတ်မြေဩဇာ လျှော့ချသုံးစွဲ နိုင်သည့်နည်းလမ်းများ လိုက်နာကျင့်သုံးရေး၊ လိုအပ်သည့်ပိုးသတ်ဆေး စနစ်တကျသုံးစွဲတတ်ရေး၊ စိုက်ပျိုးရေးတောင်သူများ သဘာဝမြေဆွေးပြုလုပ်သုံးစွဲတတ်ရေး  ရှင်းလင်းဟောပြောသည်။

ထိုဟောပြောပွဲတွင် တက်ရောက်လာသည့် စိုက်ပျိုးရေးတောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ပန်းတိုင်အထွက်နှုန်းရရှိရေး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်