ရမည်းသင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးလျက်ရှိ
Jun 21,2024
တောင်သူလယ်သမားဦးကြီးများ၏ စိုက်ပျိုးစရိတ် လိုအပ်ချက်ကို နိုင်ငံတော်က ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ် လုပ်ကွက်ငယ်တောင်သူလယ်သမားများကို နှစ်စဉ်စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲ မှ ၂၀၂၄ ခုနှစ်မိုးရာသီ၊ သီးနှံစိုက်ပျိုးစရိတ် ချေးငွေများကို မေ၂၀ ရက်ကစတင်၍ ထုတ်ချေးပေးလျက်ရှိပြီး ယနေ့ နံနက် ၉ နာရီက ဥသျှစ်ကုန်းကျေးရွာအုပ်စုမှ တောင်သူများအား စိုက်ပျိုးစရိတ် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။