ကလော ဇွန် ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်မြန်မာ့စီးပွားဘဏ်တွင် ဘဏ်မန်နေဂျာနှင့် ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီက ကလောမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းပင်စင်လစာများပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် ပင်စင်လစာထုတ်ယူကြသော အငြိမ်းစားမိဘပင်စင်များ လာရောက်ထုတ်ယူရာတွင် ပင်ပန်းမှုမရှိစေဘဲ သက်သာလွယ်ကူစွာထုတ်ယူနိုင်ရေးကို အစဉ်အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိဘပင်စင်စားကိုယ်တိုင်မထုတ်ယူနိုင်ပါက ကိုယ်စားလှယ်မှတဆင့်ထုတ်ယူနိုင်ပြီး လက်ရှိပင်စင်လစာထုတ်ယူနေသည့် ဘဏ်ခွဲမှထုတ်ယူရန် ပိုမိုအဆင်ပြေမည့် မိမိနှစ်သက်ရာမြန်မာ့စီးပွားရေးဘဏ်ခွဲသို့ ပြောင်းရွေ့ထုတ်ယူနိုင်ကြောင်း၊ မိမိပင်စင်ထုတ်ယူသည့် ဘဏ်ခွဲ၌ငွေစုဘဏ်/စာရင်းရှင်/Mobile Money /Wave Money / ATM စာရင်းသို့လစဉ်ထည့်သွင်းပေးရန် မြန်မာ့စီးပွားရေးဘဏ်ခွဲသို့ အကြောင်းကြားထားပါက လူကိုယ်တိုင်ဘဏ်ခွဲသို့သွားရန်မလိုအပ်ပဲ မြန်မာ့စီးပွားရေးဘဏ်ခွဲမှ စာရင်းပြောင်းနည်းဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဘဏ်သို့သွားရောက်ရသည့် အကြိမ်အရေအတွက်အချိန်ကုန်ခြင်းတို့ သက်သာစေရန်နှင့် လွယ်ကူလျှင်မြန်စေရန်E-Pension စမတ်ကတ် (Smart Card) များပြုလုပ်၍ ပင်စင်ထုတ်ပေးလျှက်ရှိပြီး ကိုယ်စားလှယ်ဖြင့်လဲထုတ်ယူနိုင်ကြောင်း ကလောမြို့မြန်မာ့စီးပွားဘဏ်မန်နေဂျာထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)