သာစည် ဇွန် ၂၁
မန္တလေးတိုင်းဒေသကြီး သာစည်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ် မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အထက်တန်းနှင့်အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ဇွန် ၂၁ ရက်နံနက် ၉ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်သင်းသင်းက ပြိုင်ပွဲကျင်းပ ပြုလုပ်ရခြင်းရည်ရွယ်ချက်များနှင့် စည်းမျဉ်စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြိုင်ပွဲကိုစတင်ရာ အထက်တန်းအဆင့်တွင် ကျောင်းသား/သူ ၁၈ ဦးတို့က မူးယစ်ဆေးဝါးကာကွယ်ရေး အသိပညာမြှင့်တင်ပေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်တွင် ကျောင်းသား/သူ ၆၁ ဦးတို့က မူးယစ်ရန်စွယ်အသွယ်သွယ် အန္တရာယ်ဟူသမျှ ရှောင်ရှားကြခေါင်းစဉ်ဖြင့်လည်းကောင်း ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲများမှ ပထမ၊ ဒုတိယနှင့်တတိယ ရရှိသူများကို ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ပြိုင်ပွဲများတွင် သာစည်မြို့အမှတ် (၁) နှင့်အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား/သူများ၊ အမှတ် (၂) ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)မီးရထားမှ ကျောင်းသား/သူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲများသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)