ကလိန်အောင် ဇွန်လ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်/သံ-၃(ပြ)ဒေါ်ဖြိုးဝင့်စံက ကျောင်းသား/သူများ၊ လူငယ်လူရွယ်များအား ကလေးအလုပ်သမားပပျောက်ရေးနှင့် ပတ်သတ်၍ ပြည်သူများသိရှိနိုင်ရန် ဥပဒေနှင့်ပြစ်မှု/ပြစ်ဒဏ်များ၊ မြန်မာနိုင်ငံတွင် ကလေးများအတွက် အကာအကွယ်ပေးထားသည့် ဥပဒေများ၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာဥပဒေများ၊ အလုပ်ရုံးများ၌ ကလေးအလုပ်သမားများ၏ အလုပ်အချိန်သတ်မှတ်ထားမှုများ၊ ကလေးအလုပ်သမားများကို ဥပဒေမဲ့အလုပ်ခိုင်းစေခြင်းဖြင့် ချမှတ်နိုင်သည့်ဥပဒေများ၊ ကလေးအလုပ်သမားများသည် အလုပ်ခွင်၌ အချိန်ပြည့်နီးပါး အလုပ်လုပ်ကြရသဖြင့်စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာနာကျင်မှုများ မလွဲမသွေခံစားကြရမည်ဖြစ်ကြောင်း၊ ကလေးအလုပ်သမားနှင့်ပတ်သက်၍ ကာကွယ်ပေးထားသည့် ဥပဒေများရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များပြသခဲ့ရာ ကျောင်းသား/သူများ၊ လူငယ်လူရွယ်များက စိတ်ဝင်စားစွာကြည့်ရှုကြကြောင်း သိရသည်။
ခင်ခင်လဲ့ (ကလိန်အောင်)