မိုင်းပန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပပြုလုပ်

မိုင်းပန် ဇွန် ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးတွင်းဝန်ထမ်းများနှင့် ယနေ့မွန်းလွဲ (၁) နာရီအချိန်က နိုင်ငံ့ဝန်ထမ်းနည်းဥပ‌ဒေများစာအုပ် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိရွှေစင်လတ်က ရုံးတွင်းဝန်ထမ်းများ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ပြဋ္ဌာန်းထားသည့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ သိရှိနားလည်သဘောပေါက်စေရန်အတွက် စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ရေးသားပြုစုထားသည့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများစာအုပ် အခန်း(၄)ပါ ရာထူးတိုးမြှင့်ခြင်းနှင့် အခန်း(၈)ပါ ခွင့်ခံစားခြင်း စသည့်ခေါင်းစဉ်များဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နော်မှိုင်း(ပြန်/ဆက်)