သတင်းများ

ကုန်းပတ်သင်္ဘောသား အခြေခံလက်တွေ့သင်တန်း အမှတ်စဉ် (၁) ပထမဦးဆုံးအကြိမ်(အခမဲ့) စတင်ဖွင့်လှစ် 
Jun 23,2024
မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်မှ ကြီးမှူးပြီး မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားများ အလုပ်အကိုင် အခွင့်လမ်းများ ပိုမိုရရှိစေရန်နှင့် လုပ်ငန်းခွင်တွင် အန္တရာယ်ကင်းပြီး‌ သင်္ဘောသားလုပ်ငန်းတာဝန်များကို ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်စေရန်အတွက် ကုန်းပတ်သင်္ဘောသား အခြေခံ လက်တွေ့သင်တန်း အမှတ်စဉ်(၁)၊ (အခမဲ့) သင်ကြားခြင်းကို ယနေ့နံနက် ၁၁ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်ရှိ မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားအလုပ်သမားများ အဖွဲ့ချုပ်ရုံးတွင် ဖွင့်လှစ်ခဲ့သည်။
သာစည်မြို့နယ်သစ်တောဦးစီးဌာနက ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jun 23,2024
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ် သစ်တောဦးစီးဌာနက ၂၀၂၄ ခုနှစ် မိုရာသီသစ်ပင် စိုက်ပျိုးပွဲကို ယမန်နေ့ နံနက် ၈ နာရီက သာစည်မြို့လေဘာတီဂေါက်ကွင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
နောင်ချိုမြို့တွင်  ကျောင်းစာကြည့်တိုက်လှုပ်ရှားမှုအဖြစ် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ
Jun 23,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းစာကြည့်တိုက်လှုပ်ရှားမှုအဖြစ် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နံနက် (၉) နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
နိုင်ငံတော်မှ ဆက်ကပ်လှူဒါန်းသည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ရရှိခဲ့သည့် မြို့နယ်ဂုဏ်ဆောင် ဆရာတော်ကြီး (၃) ပါးအား မြို့နယ်အဆင့် ဂုဏ်ပြုပူဇော်ပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး
Jun 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် နိုင်ငံတော်က ဆက်ကပ်လှူဒါန်းသည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များဖြစ်သည့် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရရှိခဲ့သည့် ပုပ္ပါရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ကုသလ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ရရှိခဲ့သည့် မှော်အိုင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တနန္ဒသိရီနှင့် သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ရရှိခဲ့သည့် တောကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တပညာစာရ ဆရာတော်ကြီးများအား မြို့နယ်အဆင့် ဂုဏ်ပြုပူဇော်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ် (၁၂) နာရီက မင်္ဂလာကံကျောင်းတိုက်ရှိ ထေရာဝါသကျောင်းဆောင်သစ်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်သံဃနာယကအဖွဲ့ဝန်ဆောင်ဆရာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့သည်။
ကျေးသီးမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို မူလတန်းအဆင့် ပန်းချီပြိုင်ပွဲ အခမ်းအနား ကျင်းပ
Jun 23,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို မူလတန်းအဆင့် ပန်းချီပြိုင်ပွဲအား ယမန့်နေ့ နေ့လည် (၂) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း  Book Club  အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ကျင်းပ
Jun 23,2024
နိုင်ငံတော်၏လူ့စွမ်းအား အရင်းအမြစ်များဖြစ်သည့် မျိုးဆက်သစ် လူငယ်/လူရွယ်များကို နိုင်ငံ့သားကောင်းများဖြစ်လာစေရန်၊ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန် ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာသာမက ပြင်ပစာပေ အသိပညာ ဗဟုသုတများ ကြွယ်ဝလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း  Book Club  အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ (၂)နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (လားရှိုး)ရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းနိုင်ငံ့သားကောင်းရတနာများအား လှိုက်လှဲစွာ ကြိုဆိုပွဲသို့ တက်ရောက်
Jun 23,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၃/၂၀၂၄) သင်တန်းတက်ရောက်မည့် ပြည်သူ့စစ်မှုထမ်းနိုင်ငံ့သားကောင်း ရတနာများကို ယနေ့ မွန်းတည့် (၁၂) နာရီခွဲအချိန်က တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းတွင် ကြိုဆိုခဲ့ကြသည်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနား တက်ရောက်
Jun 23,2024
မကွေးတိုင်းဒေသကြီး၊ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က မကွေးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။