မြောင်းမြ ဇွန် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်သည် မြောင်းမြမြို့တွင် ဝန်ကြီးချုပ်ဖလား (၈) ခရိုင် အသက် (၂၅) နှစ်အောက်အမျိုးသား ဖူဆယ် ဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ (၅) နာရီအချိန် Happy ဖူဆယ် ဘောလုံးအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဆုရအားကစားသမားများက ကွင်းအတွင်း နေရာယူပြီးနောက် မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမား ဆုအားပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ ဧရာဝတီတိုင်း လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်က ပထမဆုရရှိသော မြောင်းမြခရိုင် လက်ရွေးစင်အသင်းမှ အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ မြောင်းမြမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနော်မိုင်လကြည်က ဒုတိယဆုရရှိသော ဖျာပုံခရိုင် လက်ရွေးစင်အသင်းမှ အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ မြောင်းမြခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ၊ ပွဲကြည့်ပရိသတ်များ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
ဇေယျာ (ပြန်/ဆက်)