တောင်ကုတ် ဇွန် ၂၇
တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့၌ (၃၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးသည့် အခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီအချိန်က မြို့မရဲစခန်းရှေ့၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်က အမှာစကားပြောကြားပြီးနောက် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ဇင်သန့်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးသည့် အခမ်းအနားကျင်းပရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် တောင်ကုတ်မြို့မရဲစခန်း၏ မယ(ပ)၅/၂၀၂၃၊ မူး/စိတ်ပုဒ်မ (၁၉)က/၂၀(က)/၂၁ အမှုမှ သက်သေခံပစ္စည်း ICE (၃.၆) ဂရမ်၊ WY ဆေးပြား (၁၀၆) ပြားတို့အား မီးရှို့ဖျက်ဆီးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ဇင်သန့်နှင့် တပ်ဖွဲဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်