ကျိုက်မရောမြို့၌ ကျား/မရေးရာနှင့်ပတ်သက်၍ အသိပညာပေး သင်တန်းဖွင့်

ကျိုက်မရော ဇွန် ၂၈

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ကျား/မရေးရာ Gender/CEDAW/ NSPAW နှင့်ပတ်သက်၍ အသိပညာပေး သင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရွှေဟင်္သါ )ခန်းမ၌ ပြုလုပ်သည်။

ဦးစွာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းစိုးက အဖွင့်အမှာစကားပြောကြားပြီး မွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်ခင်အေးသက်က သင်တန်းဖွင်လှစ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါသင်တန်း၌ ကျား/မရေးရာနှင့်ပတ်သက်သည့် ပြောင်းလဲမှုအခြေအနေ၊ သတ်မှတ်စံနှုန်း၊ ဂျန်ဒါဆိုင်ရာအခန်းကဏ္ဍ၊ လူမှုပုံစံသွင်းယူမှု၊ လုပ်ပိုင်ခွင့်အာဏာနှင့်ကျား/မအခြေပြု အကြမ်ဖက်မှုအမျိုးသားနှင့် အမျိုးသမီးများသာတူညီမျှဖြစ်မှုနှင့် တန်းတူညီမျှမှု၊ ဖွံ့ဖြိုးတိုးတက်မှုများကို သင်ကြားပို့ချပေးခဲ့သည်။

သင်တန်းသို့ မြို့နယ်အတွင်းမှ အမျိုးသမီးရေးရာအဖွဲ့ဝင်များ ဌာနဆိုင်ရာများမှ စုစုပေါင်း (၂၅)ဦး တက်ရောက်ခဲ့ကြသည်။

ချိုမြတ်မြတ် ထွေး(ပြန်/ဆက်)