သတင်းများ

ဇလွန်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး မြို့နယ်အဆင့် ဆွေးနွေးပွဲကျင်းပ
Sep 01,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် မြို့နယ်အဆင့်ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီတွင် အ.ထ.က(၁)ဇလွန် အမျိုးသားဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
လဲချားမြို့နယ် တပ်မောက်ကျေးရွာအုပ်စုသို့ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေး
Sep 01,2025
 ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ် တပ်မောက်ကျေးရွာအုပ်စုသို့ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို သြဂုတ်လ ၃၀ ရက် နံနက် ၉ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
ကံမမြို့နယ်၌ မြို့နယ်ပညာရေးမှူးဖလား အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပ
Sep 01,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ကျောင်းသားလူငယ်များ ကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ မြို့နယ်ပညာရေးမှူးဖလား အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ယနေ့နံနက် (၈)နာရီက မြို့နယ်အားကစားကွင်း၌ စတင်ကျင်းပရာ မြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်းများမှ ကိုယ်စားပြု ဘောလုံးအသင်း (၈) သင်း ပါဝင်ယှဉ်ပြိုင်ခဲ့သည်။
ဘုတ်ပြင်းမြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲ ကျင်းပ
Sep 01,2025
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ပြုလုပ်ခဲ့သည်။
မိုင်းရယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၏  လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးကျင်းပ
Sep 01,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
ဆီဆိုင်မြို့နယ်၌ မြန်မာ့စီးပွားရေးဘဏ်ခွဲပြန်လည်ဖွင့်လှစ်ပြီး ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ စတင်ဆောင်ရွက်
Sep 01,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် နယ်မြေဒေသအခြေအနေအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှစ၍ ယာယီရပ်ဆိုင်းထားခဲ့ရသည့် မြန်မာ့စီးပွားရေးဘဏ်ခွဲကို ယနေ့နံနက် ၉ နာရီက ပြန်လည်ဖွင့်လှစ်ပြီး ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများအား စတင်ဆောင်ရွက်ပေးလျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇင်မင်းထက် AFC Womens Championship League (AWCL) 2025/2026 ၏ Preliminary Stage ပြိုင်ပွဲအုပ်စုအဆင့်ပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေး
Sep 01,2025
AFC Womens Championship League (AWCL) 2025/2026 ပြိုင်ပွဲ၏ Preliminary Stage ပြိုင်ပွဲကို ယမန်နေ့ညနေပိုင်းက ရန်ကုန်မြို့ ဝေဇယန္တာလမ်းရှိ လူငယ်အားကစားလေ့ကျင့်ရေးစခန်း သုဝဏ္ဏဘောလုံးကွင်းတွင်ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇင်မင်းထက်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာ ဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးဇော်ဇော်၊ ဌာနဆိုင်ရာများမှတာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ ဖိတ် ကြားထားသောဧည့်သည်တော်များ  တက်ရောက်ခဲ့ကြသည်။
သာစည်မြို့နယ်၌ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (RBF) စီမံကိန်းဆိုင်ရာ သင်တန်းများ ပို့ချ
Sep 01,2025
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (RBF) စီမံကိန်းအဆိုပြုလွှာရေးသွင်းနည်းနှင့် ငွေစာရင်းထိန်းသိမ်းနည်း သင်တန်းများပို့ချပေးလျက်ရှိရာ စက်တင်ဘာ ၁ ရက်က လှိုင်းတက်ကျေးရွာကော်မတီဝင်များနှင့် အသင်းသား/ အသင်းသူများအား ဆက်လက်ပို့ချပေးလျက်ရှိကြောင်း သိရသည်။