သတင်းများ

ငွေဆောင်မြို့ကျက်သရေဆောင် မြို့ဦးစေတီတော်မြတ်ကြီးအား ပြုပြင်မွမ်းမံရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်နိုင်စေရေးအတွက်(ဒုတိယ)အကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ
May 18,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၏ ကျက်သရေဆောင်ဖြစ်သော မြို့ဦးစေတီတော်မြတ်ကြီးအား  အုတ်တံတိုင်းကာရံခြင်း၊ ရင်ပြင်တော်မြှင့်ခြင်းနှင့် ကြွေပြားအပြည့်ခင်းခြင်း၊ အခြားလိုအပ်သည့် ပြုပြင်မွမ်းမံမှုများ ဆောင်ရွက်နိုင်ရန်အတွက် သြဝါဒါစရိယ ဆရာတော်ကြီးများအား ပင့်ဖိတ်၍ အုတ်တံတိုင်းအလှူရှင်များ၊ ရင်ပြင်တော်နှင့် ဘက်စုံအလှူရှင်များ၏  အလှူငွေပေးအပ်ပွဲနှင့်  ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းအခမ်းအနားကို ယမန်ေန့ညနေပိုင်းက မြို့ဦးစေတီတော်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့ဦးစေတီတော်၏ သြဝါဒါစရိယ ဆရာတော်ကြီးများ၊ စေတီတော်ဂေါပကအဖွဲ့ဝင်များ၊ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြသည်။​
မြဝတီမြို့၌ သဘာဝဘေးအရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေး (လူ၊ ပစ္စည်း၊ ယန္တယား) စုဖွဲ့မှုနှင့် သဘာဝဘေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနား ကျင်းပ
May 18,2026
မြဝတီမြို့တွင် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး၊ အထိအခိုက် ပျက်စီးဆုံးရှုံးမှု လျော့နည်းစေရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ ယနေ့ နံနက် ၉း၀၀ နာရီက အမှတ်(၁)ရပ်ကွက်ရှိ ဘောလုံးကွင်းတွင် သဘာဝဘေးအရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေး (လူ၊ ပစ္စည်း၊ ယန္တယား) စုဖွဲ့မှုနှင့် သဘာဝဘေးဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
ကျွန်းလှမြို့နယ်၌ ခရမ်းစိုက်ခင်းများ အောင်ဖြစ်ထွန်းပြီး ရောင်းအားကောင်း၍ စိုက်ပျိုးသူများအဆင်ပြေ
May 18,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဟင်းသီးဟင်းရွက်မျိုးစုံစိုက်ပျိုးကြရာ ခရမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း ခရမ်းစိုက်တောင်သူများထံမှ သိရသည်။
ချမ်းအေးသာစံမြို့နယ်၌ ရက် ၁၀၀ စီမံချက်အတွက် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် မကူးစက်နိုင်သော ရောဂါများရှာဖွေကုသခြင်းများဆောင်ရွက်
May 18,2026
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ(မန္တလေး)နှင့် ချမ်းအေးသာစံမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကာ နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်ဖြင့် ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းနှင့် မကူးစက်နိုင်သောရောဂါများရှာဖွေကုသခြင်းကို ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ဝါကင်းကုန်းဘုရား၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
မြို့သစ်မြို့နယ်တွင် နွေစပါး ၅၉၆၀ ဧက စိုက်ပျိုးပြီးစီး၍ လျာထားဧကထက်ကျော်လွန်စိုက်ပျိုးနိုင်
May 18,2026
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် နွေစပါးစိုက်ပျိုးရန် ၅၇၈၄ ဧက လျာထားရာ ၅၉၆၀ ဧကအထိ ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တံတားမြို့တွင် ရက် ၁၀၀ စီမံချက်ဖြင့် မှုခင်းကျဆင်းရေးဟောပြောပွဲကျင်းပ
May 18,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ စင်မ‌ကော်ကျေးရွာတွင် ရပ်ကွက်၊ ကျေးရွာအုပ်စုများ၌ မှုခင်းဖြစ်ပွားမှုလျော့နည်းကျဆင်းစေရေး၊ ပြည်သူများ သိသင့်သိထိုက်သည့် ဥပဒေများကို သိရှိနိုင်စေနိုင်ရန်ရည်ရွယ်၍ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောခြင်း အခမ်းအနားကို ယနေ့နံနက် (၉) နာရီက စင်မကော်ကျေးရွာအုပ်ချုပ်‌‌ရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပင်းတယမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်(ဒေသအဆင့်) ရက်(၁၀၀)အတွင်း ကျောင်းသား/သူများဘက်စုံပညာဖွံ့ဖြိုးရေးအတွက် ပြုစုပျိုးထောင်နိုင်ရန် လုပ်ငန်းစွမ်းဆောင်ရည်မြှင့် သင်တန်းဖွင့်လှစ်
May 18,2026
‎ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း "မြတ်ရတနာ" ခန်းမတွင် ယနေ့နံနက် ၉ နာရီက ပညာရေးဌာနမှ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် (ဒေသအဆင့်)နှင့် (မြို့နယ်အဆင့်) တို့ ပူးပေါင်း၍ ရက်(၁၀၀)အတွင်း ကျောင်းသား/ကျောင်းသူများ ဘက်စုံပညာဖွံ့ဖြိုးရေးအတွက် ပြုစုပျိုးထောင်နိုင်ရန် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်သင်တန်းကို ဖွင့်လှစ်သည်။
ကျောက်ဆည်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ကျန်းမာရေးအသိပညာပေး၊ ဆေးကုသ 
May 18,2026
မန္တလေးတိုင်းဒေကြီး ကျောက်ဆည်ခရိုင်နှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက ကျောက်ဆည်မြို့နယ် တံစိုးကျေးရွာနေ ပြည်သူများနှင့်တွေ့ဆုံကာ ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ဆေးဝါးကုသပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။