သတင်းများ

နမ့်စန်မြို့ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အာစရိယပူဇော်ပွဲအခမ်းအနား ကျင်းပ
Sep 24,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အာစရိယပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။
ပြည်ကြီးတံခွန်မြို့နယ်တွင် ပန်းခင်းစီမံချက် (၃) ဖြင့် Biometric (UID) ကတ် ပြုလုပ်ပေး
Sep 24,2025
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (၇၈) ရန်-မန်းလမ်း‌ပေါ်ရှိ ရွာလယ်အခြေခံဘာသာရေးအဆောက်အဦးတွင် စက်တင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီက မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်လဝကဦးစီးမှူး ဦးအောင်သွင် ဦးဆောင်သည့်အဖွဲ့မှ ပန်းခင်းစီမံချက် (၃) ဖြင့် Biometric (UID)ကတ် ပြည်သူများအား ပြုလုပ်ပေးခဲ့သည်။
ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း တင်သွင်းလွှာများ တိုက်ဆိုင်စိစစ်ခြင်း ဆောင်ရွက်
Sep 24,2025
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဥ်ပြိုင်သွားမည့်ကိုယ်စားလှယ်လောင်းများ၏ တင်သွင်းလွှာများအား တိုက်ဆိုင်စိစစ်ခြင်းကို ယမန်နေ့က ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး (ယာယီရုံးခန်း) ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။    
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်း မော်လမြိုင်ကျွန်းမြို့နယ် ရွေးကောက်ပွဲကော်ရှင်အဖွဲ့ခွဲ ၊ ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲများနှင့်တွေ့ဆုံ
Sep 24,2025
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းနှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲ (၂)နာရီတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊ ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲတို့နှင့် တွေ့ဆုံပွဲကျင်းပသည်။
ပူတာအိုမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
Sep 24,2025
ကချင်ပြည်နယ်၊ ပူတာအိုမြို့ နယ်ပညာရေးမှူးရုံးမှကြီးမှူး၍ ကျောင်းသားလူငယ်များ ကိုယ်ကာယကျန်းမာကြံ့ခိုင်လာစေရန်၊ ကျောင်းသားလူငယ်များ ဘက်စုံထူးချွန်လာစေရန်နှင့်မြို့နယ်၊ ခရိုင်၊ ပြည်နယ်နှင့် နိုင်ငံ့အတွက် အားထားရသော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်ကျင်းပခဲ့သော ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းပေါင်းစုံအားကစားပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို စက်တင်ဘာ(၂၃)ရက် ညနေ(၃)နာရီ ပူတာအိုမြို့ အခြေခံပညာအထက်တန်းကျောင်း ဘောလုံးကွင်း၌ ကျင်းပသည်။
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်
Sep 24,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဝါသနာပါသူ အချင်းချင်း ရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာဂျွန်ရေးသားသော “ခေါင်းဆောင်ကောင်းများ မေးမြန်းလေ့ရှိသည့် အဓိပ္ပာယ်နက်ရှိုင်းသော မေးခွန်းများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို စက်တင်ဘာ ၂၄ ရက်နေ့ နံနက် ၁၀ နာရီက မြို့ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်
Sep 24,2025
ဧရာဝတီတိုင်း‌ဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ပြည်သူများမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် လက်ထောက်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ယမန်နေ့မွန်းလွဲ (၂) နာရီက မြို့နယ်အတွင်းရှိ  အသေးစားစက်မှုလက်မှု လုပ်ငန်းခွင်များတွင် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်သည်။
ကျွန်းလှမြို့နယ်၌ ကိုယ်အားကိုယ်ကိုး ကွန်ကရစ်တံတားနှင့် ကွန်ကရစ်လမ်းခင်းပြီး၍ သွားလာရေးအဆင်ပြေ
Sep 24,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူရိုင်၊ ကျွန်းလှမြို့နယ် အင်းကောင်းကျေးရွာတွင် ကိုယ်အားကိုယ်ကိုးကျေးရွာတွင်း ကွန်ကရစ်တံတားနှင့် ကွန်ကရစ်လမ်းခင်းပြီး၍ သွားလာရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။