ချောက်မြို့၌ ဆန်၊ ဆီ၊ များကို သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ရောင်းချရေး ကွင်းဆင်းစစ်ဆေး
Sep 24,2025
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ ဆန်၊ ဆီ များကို သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက ဆန်၊ ဆီ ရောင်းချသော လုပ်ငန်းရှင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအား အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။