နတ်တလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂ဝ)နှစ်အောက်အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

နတ်တလင်း ဇူလိုင် ၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ နတ်တလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၀)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ နတ်တလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင် ကအဖွင့်အမှာစကားပြောကြားပြီး ဝင်ရောက်ယှဉ်ပြိုင်သည့် အသင်းသူများက အားကစားသစ္စာဓိဋ္ဌာန်(၄)ချက် သီဆိုခဲ့ပြီး ဖွင့်ပွဲပွဲစဥ်အနေဖြင့် ဇီးကုန်းမြို့နယ်ဘောလုံးအသင်းနှင့် သဲကုန်းမြို့နယ်ဘောလုံး အသင်းတို့ ယှဉ်ပြိုင်ကစားရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်အတွင်းရှိမြို့နယ်များမှ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊​  မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဘောလုံးဝါသနာရှင် ပြည်သူများမှ ကြည့်ရှုအားခဲ့ကြသည်။

အဆိုပါပြိုင်ပွဲအား အသင်း (၄)သင်း ဝင်ရောက်ယှဥ်ပြိုင်ပြီး ဇူလိုင် ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝေယံဖြိုး (ပြန်/ဆက်)