မြိတ် ဇူလိုင် ၂
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ကမ်းနားလမ်း သစ်ယာဝရေဆိပ်တံတားအရှေ့ရေပြင်တွင် စက်လှေမတော်တဆတိမ်းမှောက်မှုကြောင့် ရေဘေးသင့်ပြည်သူများအား ရှာဖွေကယ်ဆယ်ခြင်း၊ ရှေးဦးပြုစုခြင်းနှင့် ဆေးရုံပို့ဆောင်ခြင်းကို မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ ယနေ့နံနက်ပိုင်းက ရှာဖွေကယ်ဆယ်ရေး သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခဲ့ကြသည်။
ဇာတ်တိုက်လေ့ကျင့်ရာတွင် ကမ်းနားရေပြင်တွင် ငါးဖမ်းစက်လှေ(၁)စီးတိမ်းမှောက်နေကြောင်း ပြည်သူတစ်ဦးမှ သတင်းပေးပို့သည်နှင့် မီးသတ်ဦးစီးဌာနမှ မိတ်ဖက်အဖွဲ့အစည်းများအား ဆက်လက်အကြောင်းကြားပြီး ခရိုင်မီးသတ်ဦးစီးဌာနမှူးဦးစန်းဦး ဦးဆောင်သည့် ရှာဖွေကယ်ဆယ်ရေးရေယာဉ်(၁)စီးနှင့် ရေကြောင်းရဲတပ်ဖွဲ့ ရေယာဉ်(၁)စီးဖြင့် ရေပြင်အသက်ကယ်အဖွဲ့သည် အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ပြီး ရေနစ်မြှုပ်နေသူများအား ကယ်ဆယ်ခဲ့ကြသည်။
ကယ်ဆယ်ရရှိသူများကို ရေယာဉ်ပေါ်တွင် CPR ပြုလုပ်ပေးပြီး တံတားသို့ သယ်ဆောင်လာ၍ မြေပြင်အသက်ကယ်အဖွဲ့သို့ လွှဲအပ်ခဲ့ရာ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ လူမှုအသင်းအဖွဲ့များမှ လူနာများအား ရှေးဦးပြုစုခြင်းများကို ဆက်လက်ဆောင်ရွက်ခဲ့ကြပြီး လူနာတင်ယာဉ်များဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခြင်းများကို သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခဲ့ကြသည်။
ဇာတ်တိုက်လေ့ကျင့်မှုကို ခရိုင်မီးသတ်ဦးစီးဌာနမှူးဦးဆောင်၍ သန္ဓေ+အရန်တပ်ဖွဲ့ဝင်များ၊ ရေကြောင်း ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များမှ မြိတ်ခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ လူနာတင်ယာဉ်(၂)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးရေယာဉ်(၁)စီး၊ မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ရေကြောင်းရဲတပ်ဖွဲ့မှ ရေယာဉ်(၁)စီး၊ ကြက်ခြေနီ တပ်ဖွဲ့၊ ကရုဏာလူမှုရေးအသင်းနှင့် ချစ်ကြည်ရေးလူမှုရေးတို့မှ လူနာတင်ယာဉ်(၁)စီးစီတို့ဖြင့် ဇာတ်တိုက်လေ့ကျင့်ခဲ့ကြရာ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်/မြို့နယ်သဘာဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့တို့မှ တာဝန်ရှိသူများနှင့် ပြည်သူများမှ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )