ကွန်ဟိန်း ဇူလိုင် ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦး စွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ ကျောင်းအုပ်ဒေါ်မြင့်မြင့်ဆန်းက အမှာစကားပြောကြားခဲ့ပါသည်။ ယင်းနောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပခဲ့ရာ မခင်ချစ်ချစ်အေးက စာဖတ်ခြင်းအကျိုးကျေးဇူး၊ မချစ်စုပန်က မူးယစ်ဆေးဝါးအန္တရာယ်၊ မငြိမ်းချမ်းပွင့်က လူငယ်နှင့်ရည်မှန်းချက်ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပါသည်။ ထိုနောက် တက်ရောက်လာကြသော သင်တန်းသူများမှသိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြပါသည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးခွန်ရဲထွေးက ထပ်မံဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။
လူငယ်စကားဝိုင်းကို လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ကာယဗလ၊ ဥာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗဘ၊ ဘောဂဗလစသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ အနာဂတ်တွင် တိုင်းပြည်အတွက် လူတော်လူကောင်းများဖြစ်ပေါ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေးနံရံကပ်စာစောင်များကို တက်ရောက်လာသော ဆရာမများနှင့်သင်တန်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)