ပျဉ်းမနား ဇူလိုင် ၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ခြင်းကို မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့သွားရောက်ပြီး ထောက်ပံ့ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြူတွင်းကျေးရွာအုပ်စုအတွင်းရှိ အဘိုအဘွားများအား သွားရောက်ထောက်ပံ့ခဲ့သည်။
အဆိုပါ ထောက်ပံ့ရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ အိမ်တိုင်ရာရောက် သွားရောက်၍ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ရာတွင် အသက်ကြီးဘိုးဘွား(၁၁)ဦးတို့အတွက် ဘိုးဘွားတစ်ဦးကို တစ်လလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် ၃ လစာ ကျပ်သုံးသောင်းတိတိကို အသီးသီး ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)