ဒိုက်ဦး ဇူလိုင် ၂
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင်၊ စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်စိုးသည် ဒိုက်ဦးမြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်ဆန်းဦးနှင့် အဖွဲ့ဝင်များလိုက်ပါလျက် ယနေ့နံနက်ပိုင်းက ဒိုက်ဦးမြို့နယ်၊ ပျဉ်းမလွင်ကျေးရွာရှိ တောင်သူဦးမြင့်အောင်၏ မိုးစပါးစိုက်ခင်း၊ ကတုတ်ရွာမကျေးရွာရှိ တောင်သူဒေါ်စိန်စိန်၏ မိုးစပါးစိုက်ခင်းများတွင် မိုးစပါးများ၊ ပျိုးထောင်၍ တိုင်းဒေသကြီး လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ လမ်းဘေးဝဲယာ ကျေးရွာများဖြစ်သည့် ကတုတ်ဘုရားကြီးကျေးရွာ၊ ကျိုက်စကော အရှေ့ကျေးရွာ၊ ကျိုက်စကောအနောက်ကျေးရွာ၊ ဘုရားကြီးကွင်းကျေးရွာများတွင် မိုးစပါးစိုက်ပျိုးရန် ပြင်ဆင်နေမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)