အထက်မင်းလှ ဇူလိုင် ၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၄ ခုနှစ်အတွက် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ကျေးရွာအုပ်စု (၄၂) အုပ်စုမှ တောင်သူများအား ဇွန် (၄) ရက်နေ့မှ စတင်ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က မလွန်ကျေးရွာအုပ်စုရှိ တောင်သူ (၁၃၃) ဦးအား ချေးငွေကျပ် (၅၀၉.၅၀) သိန်းထုတ် ချေးပေးလျက်ရှိကြောင်း သိရသည်။
မင်းလှမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးစရိတ် ဘဏ်ချေးငွေအား ကျေးရွာအုပ်စု (၄၂) အုပ်စု၊ တောင်သူ (၃၀၀၀) ဦးအား ချေးငွေကျပ် (၂၁၀၀၀) သိန်း ထုတ်ချေးရန်လျာထားကြောင်း သိရသည်။
အဆိုပါ မိုးသီးနှံထုတ်ချေးရန်ကာလမှာ ၂၀၂၄ ခုနှစ်၊ မေလမှ စက်တင်ဘာလကုန်အထိဖြစ်ပြီး၊ ၂၀၂၄ ခုနှစ် ဇွန်လ (၄) ရက်နေ့မှ ဇူလိုင် (၂) ရက်နေ့အထိ ကျေးရွာအုပ်စု (၂၉) အုပ်စုမှ တောင်သူ (၁၇၄၃) ဦးအား မိုးသီးနှံထုတ်ချေးငွေကျပ် (၁၁၂၅၀.၅၀) သိန်း ထုတ်ချေးပေးပြီးဖြစ်ကြောင်း၊ မြို့နယ်အတွင်းရှိကျန်ရှိနေသည့် တောင်သူများအား မိုးသီးနှံစိုက်ပျိုးစရိတ်များ ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာထံမှ သိရသည်။
ဇာဇာ(အထက်မင်းလှ)