မင်္ဂလာတောင်ညွန့် မေ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူ့အတွက်ရက် (၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်သည့် 11-6.6/0.4kv,200 kVA ထရန်စဖော်မာ (၂) လုံးတည်ဆောက်ပြီးစီး၍ ဓါတ်လွှတ်ဖွင့်လှစ်သည့် အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် လွတ်လပ်ရေးရပ်ကွက်၊ ၉၇ လမ်းတွင် မဲဆန္ဒနယ်အမှတ် (၃) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဇော်ကလည်းကောင်း၊ ပုသိမ်ညွန့်ရပ်ကွက်၊ ၁-လမ်းတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းလှိုင်ကလည်းကောင်း ဓာတ်လွှတ်ဖွင့်လှစ်ပေးခဲ့ပါသည်။
အဆိုပါဖွင့်ပွဲအခမ်းအနာသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြသိန်းထွန်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အရှေ့ပိုင်းခရိုင် လျှပ်စစ်အင်ဂျင်နီယာနှင့် ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြပါကြောင်း သိရပါသည်။
မြတ်မြတ်အေး (ပြန်/ဆက်)