သတင်းများ

တပ်ကုန်းမြို့နယ်၌ နိုင်ငံတော်အစိုးရမှ ဆက်ကပ်သော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော် ငါးပါး၊ သီလရှင်တစ်ပါးတို့အား ထပ်ဆင့်ချီးကျူးပူဇော်သည့်“ဂုဏဝိသိဋ္ဌပူဇာ မင်္ဂလာ” အခမ်းအနားကျင်းပ
Jul 07,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လွတ်လပ်ရေး နေ့တွင် နိုင်ငံတော်အစိုးရမှ ဆက်ကပ်သောသာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော် ငါးပါးနှင့်သီလရှင်တစ်ပါးတို့အား ထပ်ဆင့်ချီးကျူးပူဇော်သည့် “ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာ” အခမ်းအနားကို ယနေ့မွန်းလွဲ ၁နာရီက မြို့နယ်ဗုဒ္ဓသာသနာပြုဗိမာန်တော်တွင် ကျင်းပရာ တပ်ကုန်း မြို့နယ်သူ မြို့နယ်သားများမှ ထပ်ဆင့်ဂုဏ်ပြုပူဇော်သည့် “ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာ” အခမ်းအနား သို့ မြို့နယ်ဩဝါဒစရိယ မြို့ရှေ့စန္ဒာရုံကျောင်းတိုက် ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘဒ္ဒန္တစန္ဒာသီရိနှင့် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တသောမန အမှူး ပြုသည့် ပင့်သံဃာတော် ၁၀ပါး၊ ဘွဲ့တံဆိပ်တော်ရ ဆရာတော် ငါးပါးနှင့်သီလရှင်တစ်ပါး၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်မြင့်မိုးနှင့်ဝန်ထမ်းများ၊ မြို့နယ် သာသနာရေးမှူးဦးနီနှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်ဥပတ္ထမ္ဘ အဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်နှင့်အဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ခဲ့ကြသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးပြီး တပ်ကုန်းမြို့နယ်အတွင်း စိုက်ပျိုး၊ မွေးမြူရေးကဏ္ဍများဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်
Jul 07,2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းအတွင်း၊ အပြင်၌ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် ဆရာ/ ဆရာမများက ပတ်ဝန်းကျင် သန့်ရှင်းသာယာရေး၊ သစ်ပင်များအလင်းဖွင့်ခြင်း၊ ချုံနွယ်များ၊ ပေါင်းမြက်များ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ဘာသာရပ်များသင်ကြားသည့် ကျောင်းဆောင်များကို ကြည့်ရှုအားပေးသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတက္ကသိုလ်တွင် သန့်ရှင်းသာယာလှပစေရေး ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး
Jul 07,2024
မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်နှင့် မြို့နယ်များတွင် မြို့ရွာသန့်ရှင်းသာယာလှပရေး၊ ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် ဆေးရုံဆေးခန်းများ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးတို့အတွက် အပတ်စဉ် (စနေနေ့တိုင်း) စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီ အချိန်က မကွေး တက္ကသိုလ်၌ ဌာနဆိုင်ရာများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှ အကြီးအကဲများ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ သွားရောက်၍ ကြည့်ရှုအားပေးသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် (၁၀၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်၊ ဒေသထွက် ထုတ်ကုန်ပစ္စည်းများအား ကြည့်ရှုအားပေး
Jul 07,2024
“အနာဂတ်ဘဝ ပိုမိုကောင်းမွန်ရေး သမဝါယမက ဆောင်ရွက်ပေး” ကြွေးကြော်ဆောင်ပုဒ်ဖြင့် ၂၀၂၄ ခုနှစ်၊ ယမန်နေ့က ကျရောက်သည့် (၁၀၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက မြစ်ကြီးနားမြို့ ပြည်နယ်သမဝါယမ ဦးစီးဌာနရုံး၌ ဒေသတွင်း သမဝါယမအသင်းစုများ၏ ဒေသထုတ်ကုန်ပြခန်းဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။
ကျိုက်ထိုမြို့နယ်တွင် အမှုထမ်းပေါင်းစုံ ငွေစု/ငွေချေးသမဝါယမအသင်းလီမိတက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ
Jul 07,2024
မွန်ပြည်နယ်၊‌ ကျိုက်ထိုမြို့နယ်တွင် အမှုထမ်းပေါင်းစုံ ငွေစု/ငွေချေးသမဝါယမအသင်းလီမီတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီတွင် မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
တောင်ကြီးမြို့ လူထုဗဟိုဌာန(Community Centre)၌ သက်ကြွယ်တွေ့ဆုံပွဲကျင်းပ
Jul 07,2024
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် အသက်(၆၀)နှစ် အထက် ကျား/မ မရွေး လူမျိုး-ဘာသာ- အဆင့်အတန်းမရွေး အားလုံးပါဝင်နိုင်သော သက်ကြွယ်များဆုံစည်းရာ “သက်ကြွယ် တွေ့ဆုံပွဲ”ကို ယမန်နေ့မွန်းလွဲ ၂ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။ 
ကသာခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်းနှင့် စာရေးဆရာဌေးကြည်(စလင်း) ရေးသားသည့် “နှစ်ဖက်မြင်” ဆောင်းပါးဖြင့် စာဖတ်ဝိုင်းပြုလုပ်  
Jul 07,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းကာ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရန် ရည်ရွယ်၍ စာရေးဆရာ ဌေးကြည်(စလင်း)ရေးသားသည့် “နှစ်ဖက်မြင်”ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာန(Community Centre ) ခန်းမတွင် ယနေ့နံနက် (၁၁) နာရီအချိန်က ပြုလုပ်ခဲ့သည်။
မိုးညိုမြို့၌ ကျန်းမာရေးကား (AMBULANCE) လှူဒါန်းသည့် အလှူရှင်များ ရေစက်သွန်းချ အမျှဝေခြင်းဆောင်ရွက်
Jul 07,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်၊ အလောင်းဘုရားလမ်းရှိ အင်္ဂါဆွမ်းလောင်းဓမ္မာရုံ၌ ယနေ့နံနက် (၇) နာရီက ကျန်းမာရေးကား (AMBULANCE) လှူဒါန်းသည့် အလှူရှင်များ စုပေါင်းရေစက်ချအမျှ‌ဝေခြင်း ဆောင်ရွက်ခဲ့သည်။