ကျိုက်ထို ဇူလိုင် ၇
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အမှုထမ်းပေါင်းစုံ ငွေစု/ငွေချေးသမဝါယမအသင်းလီမီတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီတွင် မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် သမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝေဝေလွင်က မြို့နယ်အမှုထမ်းပေါင်းစုံ ငွေစု၊ ငွေချေးသမအသင်း၏လုပ်ငန်းစဉ်များ၊ အသင်းတိုးတက် ရန် ဆောင်ရွက်ထားရှိမှုနှင့်အရာထမ်းအမှုထမ်းများ အခက်အခဲမရှိစေရန် လတ်တလောလိုအပ် လျက်ရှိသည့် ငွေကြေးများအား ဆောင်ရွက်ပေးမှုများနှင့် စုဆောင်းထားရှိသည့် ငွေကြေးအပေါ် ခွဲဝေပေးမှုအား ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက်အသင်းဝင် အရာထမ်း အမှုထမ်း(၂၈၉)ဦးအား တစ်ဦးလျှင် ငွေကျပ်(၅၀၀၀) နှုန်းဖြင့် စုစုပေါင်း ငွေကျပ်(၁၄၄,၅၀၀၀)ကျပ်အား ထောက်ပံ့ပေးပြီး အသင်းတွင်ငွေကျပ် (၁၀)သိန်း အထက်စုဆောင်းထားသည့် အသင်းဝင်(၅)ဦးနှင့် တက်ရောက်လာသည့် ဌာနဆိုင်ရာ ကိုယ်စားလှယ်များအား မြို့နယ်အမှုထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်း အတွင်းရေးမှူး ဦးမြင့်သိန်းက လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)