သတင်းများ

အောင်လံမြို့၌ စည်ပင်သာယာရေးအဖွဲ့သည် မြို့မဈေးအတွင်းရှိ အသား/ငါးရောင်းချသည့် ဆိုင်များအား သန့်ရှင်းမှုရှိစေရေး ကွင်းဆင်းစစ်ဆေး
Jul 08,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ အောင်လံမြို့မဈေးအတွင်းရှိ အသား/ငါး ဈေးဆိုင်များအား သန့်ရှင်းလတ်ဆတ်မှုရှိစေရန်နှင့် ပြည်သူများလပ်ဆတ်စွာ စားသုံးနိုင်ရေးအတွက် စည်ပင်သာယာရေးအဖွဲ့မှ ယနေ့နံနက် (၈) နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ကျိုင်းတုံမြို့ (၂၅)ခုတင်ဆံ့ တိုင်းရင်းဆေးရုံ၌ သံဃာဆေးကုသဆောင်ဖွင့်ပွဲ ကျင်းပ
Jul 08,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ (၂၅)ခုတင်ဆံ့ တိုင်းရင်း‌ဆေးရုံ၌ သံဃာဆေးကုသဆောင် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပသည်။
ကျောက်ဆည်မြို့နယ်တွင် တစ်နိုင်တစ်ပိုင် ဆိတ်မွေးသူများ အဆင်ပြေ
Jul 08,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းကိုအဓိကထား လုပ်ကိုင်သော်လည်း တောင်သူအချို့နှင့်မွေးမြူရေးလုပ်ငန်း စိတ်ပါဝင်စားသည့် ပြည်သူများအနေဖြင့် တစ်နိုင်တစ်ပိုင် ဆိတ်များမွေးမြူထားရာ  အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ပလောက်မြို့၊ အမှတ် (၁) ရပ်ကွက်၊ မူလွန်ကျောင်း၌  ကျောင်းကျန်းမာရေး အသိပညာပေးဆောင်ရွက်
Jul 08,2024
ကျောင်းသား/ကျောင်းသူလေးများ ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုစနစ်ပုံစံများသိရှိစေပြီး ကျန်းမာရေးအဆင့်အတန်းတိုးတက်စေရန် ရည်ရွယ်၍ ယနေ့နံနက် (၉)နာရီအချိန်က တနင်္သာရီတိုင်းဒေသကြီး၊  မြိတ်ခရိုင်၊ပလောက်မြို့၊ အမှတ်(၁)ရပ်ကွက်၊ မူလွန်ကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။
ပဲပုပ်မျိုး ယှဥ်ပြိုင်စမ်းသပ်ကွက် ကွင်းသရုပ်ပြပွဲကျင်းပ
Jul 08,2024
စားသုံးဆီဖူလုံစွာရရှိနိုင်ရေးအတွက် ရှမ်းပြည်နယ် (တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်း မြို့နယ်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပဲပုပ်မျိုးယှဥ်ပြိုင်စမ်းသပ်ကွက် ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် (၁၀) နာရီခန့်က အမှတ် (၃) ရပ်ကွက်ရှိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရုံးဝန်းအတွင်း၌ စိုက်ပျိုးထားသည့် ပဲပုပ်မျိုး ယှဥ်ပြိုင်စမ်းသပ်ကွက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းအသိပညာပေး ဟောပြော ပွဲကျင်းပ
Jul 08,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။        
မင်းလှမြို့နယ်တွင် ပလတ်စတစ်အိတ်သုံးစွဲမှု‌လျှော့ချရေး အသိပညာပေး လက်ကမ်းစာစောင်နှင့် အင်ဖက်များဖြန့်ဝေ
Jul 08,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျှော့ချသုံးစွဲစေရန် ရည်ရွယ်၍ ဇေ‌ယျာသီရိဈေးတွင်ဈေးရောင်း ဈေးဝယ်ပြည်သူများအား ပလပ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်အစား၊ ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးလက်ကမ်းစာစောင်နှင့် အင်ဖက်များ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်(၈)နာရီက ဆောင်ရွက်ခဲ့သည်။
ပုဗ္ဗသီရိမြို့နယ်၌ မိုးနှမ်း လျာထားဧက (၄၂၈၇)ဧကအနက် (၄၆၄) ဧက စိုက်ပျိုးပြီးစီး
Jul 08,2024
ပုဗ္ဗသီရိမြို့နယ်တွင် ဆီထွက်သီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ် မိုးနှမ်း လျာထားဧက (၄၂၈၇)ဧက အနက်တွင် (၄၆၄) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။