ကျိုင်းတောင်းမြို့တွင် လူကုန်ကူးမှုအန္တရာယ် ကာကွယ်တားဆီးရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်
Jul 03,2024
ရှမ်းပြည်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့တွင့် (၃.၇.၂၀၂၄) ရက်နေ့ နေ့လယ် (၁၀) နာရီခွဲ အချိန်၌ ကျိုင်းတောင်းမြို့ နယ်မြေခံရဲစခန်းနှင့် ပြန်ကြားရေနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ ဝန်ထမ်းများစုပေါင်း၍ ကျိုင်းတောင်းမြို့အတွင်း လူကုန်ကူးမှု ပပျောက်စေရေး၊ လူကုန်ကူးမှုဆိုင်ရာ အသိပညာ အကြားအမြင်များ တိုးပွားစေရေး ရည်ရွယ်ချက်ဖြင့် အ.မ.က (လုံကောင့်)ကျောင်း၌ ကျိုင်းတောင်းမြို့တွင် လူကုန်ကူးမှုအန္တရာယ် ကာကွယ်တားဆီးရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။