နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးပြီး တပ်ကုန်းမြို့နယ်အတွင်း စိုက်ပျိုး၊ မွေးမြူရေးကဏ္ဍများဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

 

နေပြည်တော် ဇူလိုင် ၇

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းအတွင်း၊ အပြင်၌ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် ဆရာ/ ဆရာမများက ပတ်ဝန်းကျင် သန့်ရှင်းသာယာရေး၊ သစ်ပင်များအလင်းဖွင့်ခြင်း၊ ချုံနွယ်များ၊ ပေါင်းမြက်များ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ဘာသာရပ်များသင်ကြားသည့် ကျောင်းဆောင်များကို ကြည့်ရှုအားပေးသည်။

ကြည့်ရှုအားပေးစဉ် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ကျောင်းအတွင်း ရာသီအလိုက် ပွင့်သည့် ပန်းပင်များစိုက်ပျိုးရေး၊ ကျောင်းအတွင်းအပြင် သန့်ရှင်းသာယာလှပရေးကို အမြဲမပြတ်ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ကျောင်းသား/ကျောင်းသူများအား စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ဘာသာရပ်များ၊ အားကစားနည်းစနစ်များကို ထူးချွန်တတ်မြောက်အောင် သင်ကြားပေးစေလို ကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။

ထို့နောက်နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ကျောင်းစာကြည့်တိုက်တွင် စာအုပ် စာစောင်များထားရှိမှုကို ကြည့်ရှုအားပေးကာ စာကြည့်တိုက်အတွက် ငွေပဒေသာပင်နှင့် စာအုပ်များကို ပေးအပ်လှူဒါန်ပြီး စိုက်ပျိုး၊ မွေးမြူရေး  ကျောင်းသား၊ ကျောင်းသူများ စိုက်ပျိုး ထားသည့် နေကြာစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုကို ကြည့်ရှုအားပေးသည်။ 

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် အဆိုပါကျောင်း၌ ပျဉ်းမနား မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံပြီး မိမိရပ်ကွက်/ကျေးရွာများရှိ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်/ကျေးရွာများကို စိမ်းလန်းစိုပြည်ပြီး သန့်ရှင်းသာယာလှပ စေရေး၊ အမှိုက်ကင်းစင်စေရေး၊ မိမိတို့၏ ရပ်ကွက်/ကျေးရွာများကို စံပြဖြစ်သည့် ရပ်ကွက်/ ကျေးရွာများဖြစ်အောင် ဆောင်ရွက်ကြရမှာဖြစ်ပြီး ဖွံဖြိုးတိုးတက်ရေး၊ လူနေမှုအဆင့်အတန်းမြင့် မားရေးနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းတွင် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ပညာသင်ကြားနိုင်ရေးတို့ကို အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း မှာကြား သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ် အမှတ်(၁၉) အခြေခံပညာအထက်တန်းကျောင်း အတွင်း၊ အပြင်၌ ကျောင်းဥပဓိရုပ်ကောင်းမွန် စေရေး၊ သန့်ရှင်းသာယာလှပစေရေး၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ်၊ ထန်းတပင်တောရ ဆုတောင်းပြည့်ကျောင်းတိုက်အတွင်းရှိ သုခကာရီစာကြည့်တိုက်သို့ ရောက်ရှိပြီး စာကြည့်တိုက်တွင် စာအုပ်စာစောင်များ ခင်းကျင်းထားမှုအခြေအနေနှင့် ကျေးရွာနေပြည်သူများ၊ လူငယ်၊ လူရွယ်များ စာပေလေ့လာဖတ်ရှုနေမှုကို ကြည့်ရှုအားပေးပြီး စာကြည့်တိုက်အတွက်  စာအုပ်များကို ပေးအပ်လှူဒါန်းသည်။

ထို့နောက်နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ်၊ ထန်းတပင်တောရ ဆုတောင်းပြည့်ကျောင်းတိုက် ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး လှူဖွယ် ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီး၌ တပ်ကုန်းမြို့နယ်ဩဝါဒစရိယ အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တစန္ဒာသီရိ သက်တော်ရှည် မြို့ရှေ့စန္ဒာရုံဆရာတော်နှင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် တော်များ ဆက်ကပ်ခြင်း ခံရတော်မူသော တပ်ကုန်းမြို့နယ်မှ ဆရာတော်ငါးပါးနှင့် သီလရှင် တစ်ပါးတို့အား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ ဂုဏဝိသိဌပူဇာ မင်္ဂလာအခမ်းအနားသို့ တက်ရောက် အပူဇော်ခံမည့် ဆရာတော်ငါးပါးနှင့် သီလရှင်တစ်ပါးတို့အား သွားရောက်ဖူးမြော်ကြည်ညိုပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းသည်။

ထို့နောက်နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ သော်တာ ကျေးရွာရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(MRTV) သို့ ရောက်ရှိပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ဘာသာရပ်များ သင်ကြားမည့် စာသင်ခန်းများနှင့် သင် ထောက်ကူပစ္စည်းများအား ကြည့်ရှုအားပေးရာ တာဝန်ရှိသူများက သက်ဆိုင်ရာ စာသင်ခန်းများ အလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် လက်ရှိတက်ရောက်နေကြသည့် ကျောင်းသား/ ကျောင်းသူများ၊ ထပ်မံတက်ရောက်မည့် ကျောင်းသား/ ကျောင်းသူ အခြေအနေများကို ရှင်းလင်း တင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ယင်းနောက်နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တပ်ကုန်းမြို့နယ်၊ ခရမ်း စပ်ကုန်း ကျေးရွာအုပ်စု၊ ပေတောကျေးရွာ ကွင်းအမှတ်(၁၃၁၀)တွင် မိုးစပါး အခြောက်မျိုးစေ့ချ ကိရိယာ(Dry Seeder)ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲသို့တက်ရာက်ပြီး တောင်သူများအား ယခု မိုးစပါး အခြောက်မျိုးစေ့ချ ကိရိယာ(Dry Seeder)ဖြင့် စိုက်ပျိုးခြင်း သရုပ်ပြအပြင် မိုးစပါး စိုက်ပျိုးမည့် လယ်မြေများအားလုံး အမှန်တကယ် ထိထိရောက်ရောက် စိုက်ပျိုးနိုင်ရေးကို ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သီးနှံများ ပန်းတိုင်အထွက်နှုန်း ပြည့်ဝစွာထွက်ရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း စသည့် နည်လမ်းလေးရပ်ကို နည်းစနစ်မှန်ကန်စွာဖြင့် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက်နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ခရမ်းစပ်ကုန်းကျေးရွာအုပ်စုမှ တောင်သူများအား မျိုးစေ့ချကိရိယာများကို ပေးအပ်ပြီး တောင်သူများနှင့်အတူ မိုးစပါး အခြောက် မျိုးစေ့ချကိရိယာ(Dry Seeder)ဖြင့် စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ ကင်းသာကျေးရွာအုပ်စု၊ ကင်းသာကျေးရွာရှိ ဒေါက်တာဇော်ထူးမြင့်၏ အသားတိုးဝက် မွေးမြူရေး ခြံသို့ ရောက်ရှိရာ ခြံပိုင်ရှင် ဒေါက်တာဇော်ထူးမြင့်က လက်ရှိအသားတိုးဝက် မွေးမြူနေမှုအခြေ အနေနှင့် အသားတိုးကြက် မွေးမြူနေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး နေပြည်တော်မွေးမြူရေး နှင့် ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူးက နေပြည်တော်အတွင်း မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများကို အသီးသီးရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်အတွင်း သား၊ ငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက်နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဒေါက်တာဇော်ထူးမြင့်၏ အသားတိုးဝက် မွေးမြူရေးခြံတွင် အသားတိုးဝက်ကောင်ရေ ၁၂၀၀ ကောင် မွေးမြူထားရှိမှုအခြေ အနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)