ရေကြည်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၊ အသုတ်တွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းဆောင်ရွက်

ရေကြည် ဇူလိုင် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၊ အသုတ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီ ၃၀ မိနစ်အချိန်က ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

ဟောပြောပွဲ၌ အ.ထ.က အသုတ်မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းဝေက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်မိုးစီစီအောင်ကလူငယ်နှင့် စာဖတ်ခြင်းအကျိုးကျေးဇူးကိုလည်းကောင်း၊ ရေကြည်မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန နည်းပြနည်းစနစ်မှူး ဦးဝေယံထွန်းက လူငယ်နှင့်အားကစား၊ စားသုံးသူရေးရာဦးစီးမှူး ဒေါ်ချယ်ရီမြင့်က လူငယ်နှင့်အစားအသောက်ဆိုင်ရာ အသိပညာများကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ အားကစားပစ္စည်းပေးအပ်လှူဒါန်းခြင်းနှင့် (EIM) ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါးအစီအစဉ်ပြုလုပ်ကျင်းပရာ အဆိုပါအခမ်းအနားသို့ကျောင်းသား/သူ စုစုပေါင်း (၃၄၈) ခန့်တက်ရောက်ခဲ့ပြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များပြသခဲ့ကြောင်း သိရသည်။

မေသန့်ဇင် (ပြန်/ဆက်)