ကျေးသီမြို့နယ်တွင် တိုင်းရင်းဆေးဖြင့် အသိပညာပေးခြင်းနှင့် ဆေးကုသပေးခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ပေး

ကျေးသီး ဇူလိုင် ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်တွင် တိုင်းရင်းဆေးဖြင့် အသိပညာပေးနှင့် ဆေးကုသပေးခြင်းတို့ကို ယမန်နေ့ နံနက်ပိုင်းက လုံပုရပ်ကွက်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကျေးသီးမြို့နယ် (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယဆေးရုံအုပ် ဦးအောင်ဆန်းနှင့်အဖွဲ့သည် ဒူးနာ၊ ခါးနာ၊ သွေးတိုးဆီးချို၊ ထုံကျဉ်ကိုက်ခဲခြင်း၊ နှလုံးရောဂါ စသည်တို့ကို တိုင်းရင်းဆေးခန်းသုံး ဆေးအမည်နံပါတ်များဖြင့် ကုသပေးခဲ့ပါသည်။

အဆိုပါ  ကွင်းဆင်းကုသဆောင်ရွက်ပေးရာသို့ ကျေးသီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ရဲမှူး၊ ဒုတိယရဲမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ကွင်းဆင်းဆေးကုသ ဆောင်ရွက်ပေးနေမှု အခြေအနေများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ကူညီပေးခဲ့ကြောင်းနှင့် လုံပုရပ်ကွက်အတွင်းမှ မိဘပြည်သူများ စုစုပေါင်း (၃၄) ဦး လာရောက် ဆေးကုသခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)