စလင်းမြို့နယ်၌ အခြေခံစားသောက်ကုန်ဆန်များ သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး
Jul 09,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ အခြေခံစားသောက်ကုန်ဖြစ်သည့် ဧရာပဒေသာဆန်များအား ကာလပေါက်စျေးထက် စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနိုင်ရေး အိမ်ထောင်စုတိုင်းအတွက် စားနပ်ရိက္ခာဆန်များ ရောင်းချပေးခြင်းကို ယနေ့ နံနက် (၈) နာရီအချိန်က ကျောင်းကြားရပ်ကွက်နှင့် ကျွန်းတော်ဦးလမ်းဆုံ ဋ္ဌေးရတနာဆန်စက်အနီးတွင် ဆန်စက်လုပ်ငန်းရှင်များမှ ရောင်းချပေးခဲ့သည်။