သံတောင်ကြီး ဇူလိုင် ၉
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သည် ရုံးဖွင့်ရက်များအတွင်းတွင် နံနက် (၉) နာရီမှ ညနေ (၄:၃၀) နာရီထိ စာအုပ်စာစောင်၊ ရသ၊ ဗဟုသုတ ရရှိစေသည့် စာအုပ်များကို ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့ နေ့လယ် (၁၂) နာရီ ကျောင်းဆင်းချိန်နှင့် ညနေ(၃:၃၀)နာရီ ကျောင်းဆင်းချိန်များတွင် ကျောင်းသား /ကျောင်းသူများက စာကြည့်တိုက်တွင်းသို့ စာအုပ်/စာစောင်များ လာရောက်ငှားရမ်းဖတ်ရှုလျက်ရှိကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် သံတောင်ကြီးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ရုံးဝန်ထမ်းများ၊ ဒေသခံပြည်သူများ၊ ကျောင်းသူကျောင်သားများ၊ လူငယ်လူရွယ်များအား မြို့နယ်စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှု ရှိစေရန်၊ စာပေဗဟုတ ကြွယ်ဝပြည့်စုံသော လူငယ်များ ဖြစ်စေရန် ရည်ရွယ်၍ မြို့နယ်ပြည်သူ့စာကြည့်တိုက်အား တနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဉ်ရုံးချိန်အတွင်း ပုံမှန်ဖွင့်လှစ်ကာ သုတ၊ ရသ စာအုပ်စာစောင်များ၊ အသိပညာ ဗဟုသုတများ ရရှိစေမည့် စာအုပ်စာစောင်များကို ဖတ်ရှုစေခြင်း ငှားရမ်းပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နော်နော်မူ (ပြန်/ဆက်)