ကလေးဝ ဇူလိုင် ၉
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ရေးဘေးကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စုများအားထောက်ပံ့ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့က အမှတ် (၁) အလယ်တန်းကျောင်းခွဲနှင့် အမှတ် (၅) မူလတန်းကျောင်းရှိ ရေဘေးရှောင် အိမ်ထောင်စု ၂၀ အား ဆန်၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ရေသန့်နှင့်ဆေးပစ္စည်းများအား ထောက်ပံ့ပေးခဲ့သည်။
ကလေးဝမြို့နယ်အတွင်း ရေဘေးကယ်ဆယ်ရေးစခန်း ၁၀ ခုဖွင့်လှစ်ထားပြီး အိမ်ထောင်စု ၃၇ စု၊ လူဦးရေ ၁၅၄ ဦးရွှေ့ပြောင်းခဲ့ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)