ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ဟင်္သာတမြို့နယ်အတွင်း ရေကာတာများ ကြည့်ရှုစစ်ဆေး

ဟင်္သာတ ဇူလိုင် ၉

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်ဇော်နှင့် အဖွဲ့သည် ယမန်နေ့မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာရှိ ယာယီရှင်းလင်းဆောင်သို့ ရောက်ရှိလာခဲ့ရာ မြို့နယ်အဆင့် တာဝန်ရှိသူများမှ တာတမံများ အသစ်ပြုပြင်ဆောင်ရွက်ထားရှိမှု အခြေအနေများ ၊ ရေလမ်းကြောင်းအခြေအနေများ၊ မြစ်ရေတက်လာပါက ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားမည့်အခြေအနေများကို ရှင်းလင်းတင်ပြရာ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လိုအပ်သည်များ ပြန်လည်ဖြည့်စွက် လမ်းညွှန်မှာကြားခဲ့ကြသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးခင်ဇော်နှင့် အဖွဲ့သည် ဟင်္သာတမြို့ ဖောင်ဆိပ်ကျေးရွာအနီးရှိ ဧရာဝတီ-ဟင်္သာတ မြစ်ရေကာတာများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်ဆက်(ပြန်/ဆက်)