ရေတာရှည်မြို့နယ်၌ အလွတ်တန်း စနူကာပြိုင်ပွဲကျင်းပ

ရေတာရှည် ဇူလိုင် ၂၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ နန်ချွန်ကျေးရွာ၌ ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဒိုင်း အလွတ်တန်းစနူကာပြိုင်ပွဲကျင်းပသည်။

ပြိုင်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့်အဖွဲ့ဝင်များက ပြိုင်ပွဲသို့ဝင်ရောက်ယှဥ်ပြိုင်ကြသည့် အားကစားသမားများနှင့်တွေ့ဆုံကာ အားပေးစကားများပြောကြားပြီး ပြိုင်ပွဲယှဥ်ပြိုင်နေမှုများကို အားပေးကြည့်ရှုကြသည်။

အဆိုပါပြိုင်ပွဲသို့ ရေတာရှည်မြို့နယ်အတွင်းရှိ စနူကာအားကစားသမား ၁၆ ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး အုပ်စုရှစ်အုပ်စုအလှည့်ကျစနစ်ဖြင့် ပြိုင်ပွဲအားကျင်းပကာ ထူးချွန်သည့် အားကစားသမားများအား ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

မြို့နယ်ပြန်/ဆက်