တောင်ငူမြို့၌ မြိုနယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တောင်ငူ ဇူလိုင် ၂၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နတ်သျှင်နောင်အစည်းအဝေးခန်းမ၌ မြိုနယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပသည်။

ရှေးဦးစွာ တောင်ငူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်က တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေး၊ တိုက်ပွဲရှောင်ပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် လက်မှုပညာသင်ကြားရေးနှင့် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးဆွေးနွေးပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးကျော်ဝင်းက မြို့သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်နေမှုများ၊ ဆောင်ရွက်မည့်လုပ်ငန်းများကို ဆွေးနွေးပြောကြားပြီး မြို့နယ်အဆင့်ဌာနဆိုင်တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးကြသည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်၊ အဖွဲ့ဝင် (၂) ဦးကျော်ဝင်း၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ စုစုပေါင်း (၆၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)