ဆိပ်ဖြူမြို့နယ်တွင် ရေပြင်ကယ်ဆယ်ရေးလုပ်ငန်းများ လေ့ကျင့်ဆောင်ရွက်

ဆိပ်ဖြူ ဇူလိုင် ၇

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် မြို့နယ်မီးသတ်တပ်ဖွဲ့ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ရေပြင်ကယ်ဆယ်ရေးလေ့ကျင့်ဆောင်ရွက်ခြင်းလုပ်ငန်းကို ဧရာဝတီမြစ်နှင့် ယောချောင်းဆုံရပ်တွင် လေ့ကျင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှု၊ မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးအရာရှိ ဦးအေးမင်းမောင်၏ ဦးဆောင်မှုဖြင့် မြို့မမီးသတ်စခန်းမှူး ဦးဖြိုးဝေအောင် ဦးဆောင်သည့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ရေကြီးရေလျှွမှုဖြစ်ပေါ်တတ်သည့် အချိန်များ၌ ဖြစ်ပေါ်တတ်သည့် ဘေးအန္တရာယ်ဆိုင်ရာများကို အရေးပေါ်တုန့်ပြန်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ စွမ်းရည်ပြည့်ဝစွာ အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ရေပြင်အသက်ကယ်လုပ်ငန်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ထို့သို့ဆောင်ရွက်ရာ၌ မြို့နယ်မီးသတ်တပ်ဖွဲ့မှ ရာဘာလေသွင်းလှေ၊ LIFE BOY Boad ယာဉ်များအသုံးပြု၍ ရေစီးအစုန်အဆန်ရေယာဉ်မောင်းနှင်ခြင်း၊ ရေနစ်သူအား ချဉ်းကပ်ကယ်ဆယ်ရေးနည်းလမ်းများကို လက်တွေ့လေ့ကျင့်ဆောင်ရွက်လျှက်ရှိကြောင်း မြို့နယ်မီးသတ်တပ်ဖွဲ့မှ ပြောကြားသိရှိရသည်။

ကိုဇွဲ