မိုင်းဖြတ် ၊ ဇူလိုင် ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနနှင့် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေအစီအစဉ်၊ (၂၀၂၂) ရေအသုံးချခြင်းဆိုင်ရာလုံခြုံမှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းမှုပညာပေးခြင်းစီမံကိန်းတို့ပူးပေါင်း၍ သစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့နံနက် ၈နာရီက ဆိုက်ခေါင်ကျေးရွာအနီးရှိ နမ့်လုံချောင်း၏ ရေဝေရေလဲဧရိယာအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် သစ်တောသုတေသနဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးတင့်-၁၊ ရေဝေရေလဲဒေသအုပ်ချုပ်ရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းမောင်အေး၊ ခရိုင်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ဦးစီးဌာနမှူး ဦးသန်းထွန်းအောင်တို့က ဆရာ၊ ဆရာမနှင့် ကျေးရွာမှတာဝန်ရှိသူများထံ စိုက်ပျိုးသစ်ပင်များပေးအပ်ခဲ့သည်။
ဆက်လက်၍ သစ်တောသုတေသနဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးတင့်-၁၊ ရေဝေရေလဲဒေသအုပ်ချုပ်ရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းမောင်အေးနှင့် တာဝန်ရှိသူများ၊ ကျေးရွာနေပြည်သူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက မဲဇလီ(၇၀)ပင်၊ ပျဉ်းကတိုး(၅၀)ပင် စုစုပေါင်း(၁၂၀)ပင်တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်းသိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)