မိုင်းယန်းမြို့၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ဓာတ်ပုံပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်များပြသ

မိုင်းယန်း ဇူလိုင် ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားရန်နှင့် နေ့ထူးနေ့မြတ်များကို တန်ဖိုးထားမမေ့အပ်စေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲ၊ ဓာတ်ပုံပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်များပြသခြင်းကို ယနေ့နေ့လယ် ၂ နာရီက လူထုအခြေပြုဗဟိုဌာ၌ ပြုလုပ်သည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ ကျောင်းသား/ ကျောင်းသူများအား ကျောင်းစာသင်ယူရုံသာမက ပြင်ပဗဟုသုများရရှိစေရန် စာအုပ်၊ စာစောင်များကို ဖတ်ရှုလေ့လာသင့်ကြောင်းနှင့် နေ့ထူးနေ့မြတ်များကို တန်ဖိုးထားမမေ့အပ်စေရန်  (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ကျောင်းသား/ကျောင်းသူများအား “အာဇာနည်နေ့”ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းအကျဉ်းချုပ်ကို အသိပညာပေး  ရှင်းလင်းဟောပြောသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မြန်မာနိုင်ငံလွတ်လပ်ရေးကို ရယူကြိုးပမ်းခဲ့ကြသော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မှတ်တမ်းဓာတ်ပုံများ၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်နှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်အားပြသရာ ကျောင်းသား/ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြပြီး စာဖတ်သည့် အလေ့အထကောင်းများရရှိစေရန် သုတ၊ ရသ စာအုပ်စာစောင်များ ခင်းကျင်းပြသငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းထူး