ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ အမှတ် (၁) အခြေခံပညာမူလတန်းကျောင်းတွင် နယ်လှည့်စာကြည့်တိုက်လှုပ်ရှားမှုနှင့် အသိပညာပေးလုပ်ငန်းများ ကွင်းဆင်း‌ဆောင်ရွက်

ဟိုပုံး ဇူလိုင် ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နယ်လှည့်စာကြည့်တိုက်လှုပ်ရှားမှုနှင့် အသိပညာပေးလုပ်ငန်းများကွင်းဆင်း‌ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် အမှတ်(၁)အခြေခံပညာမူလတန်း ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ချစ်စံပယ်က အမှာစကားပြောပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ စာကြည့်တိုက်မှူး ဒေါ်အေးထက်ထက်ထွန်းက ကျောင်းသား၊ ကျောင်းသူများအား ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် အာဇာနည်ဆိုသည့်အဓိပ္ပာယ်၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကျဉ်း၊ အာဇာနည် ခေါင်းဆောင်ကြီး (၉) ဦး၏ အတ္ထုပ္ပတ္တိကိုလည်းကောင်း၊ သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကိုလည်းကောင်း၊ ဝမ်းပျက်ဝမ်းလျှောကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို လည်း ကောင်း အသိပညာပေးဟောပြောခဲ့ကြောင်းသိရသည်။

ထို့နောက် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား စာအုပ်စာစောင်ပြသခြင်း၊ နယ်လှည့်စာဖတ်ဝိုင်းနှင့် ရွေ့လျားစာငှားခြင်းများ‌ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)