မုဒုံမြို့၌ ရေဘေးနှင့်မြေပြိုဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှိုးဆော်

မုဒုံ ဇူလိုင် ၁၀

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့က မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများ၌ လှည့်လည်ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သိမ့်သိမ့်အောင်နှင့်ဝန်ထမ်းများက ရေဘေးနှင့်မြေပြိုဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကြိုတင်သတိပြုကာကွယ်နိုင်ရန်အချက်များ၊ ရေဘေးမဖြစ်ပွားမီ၊ ရေဘေးဖြစ်ပွားနေစဥ်၊ ရေဘေးဖြစ်ပွားပြီးနောက် ဆောင်ရွက်ရမည့်အချက်များ၊ ​ပြည်သူများအနေဖြင့်  သဘာဝဘေးအန္တရာယ်ကြောင့်  ပျတ်စီးဆုံးရှုံမှု  လျော့နည်းသက်သာစေရန် ရှောင်ရန်/ ဆောင်ရန်အချက်များ၊ တုံ့ပြန်နိုင်ရေးသတိပေးအချက်များကို ပြည်သူများ ဝိုင်းဝန်းပူးဆောင်ရွက်နိုင်ရန်  နှိုးဆော်ခဲ့ကြောင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)