သာစည်လမ်းမှ ရွှေတောင်-ချောက်ပင်-ခင်လူး-မောက်လောက်လမ်း လမ်းတာချဲ့၍ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မိတ္ထီလာ ဇူလိုင် ၆

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ သာစည်လမ်းမှ ရွှေတောင်-ချောက်ပင်-ခင်လူး-မောက်လောက်လမ်း လမ်းတာချဲ့၍ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း  ဆောင်ရွက်နေမှုအား  တာဝန်ရှိသူများက ယမန်နေ့နံနက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်း၊ မိတ္ထီလာခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသိန်းဝင်းနှင့် မိတ္ထီလာမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ)တို့က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သန်း ၂၁၂.၂၉၀ ဖြင့်  ဌာနမှတာဝန်ယူပြီး ဇွန်လ ၂၆ ရက်နေ့မှ စတင်၍ မိတ္ထီလာမြို့နယ်အတွင်းရှိ သာစည်လမ်းမှ ရွှေတောင်-ချောက်ပင်-ခင်လူး-မောက်လောက်လမ်း လမ်းအရှည် 0.805km ရှိ  လမ်းတာချဲ့၍ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ရာ အဆိုပါလမ်းဆောင်ရွက်ပြီးစီးပါက ကျေးရွာခြောက်ရွာမှ အိမ်ခြေ ၉၅၆ အိမ် လူဦးရေ ၄၆၄၆ ဦးတို့အား အကျိုးပြုသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)