ပိုင်ကျုံမြို့ အ-ထ-ကကျောင်း၌   ကျောင်းသား၊ကျောင်းသူများ ကျန်းမာရေးနှင့်အညီ ပညာသင်ကြားနိုင်ရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ပိုင်ကျုံ ဇူလိုင် ၆

ကရင်ပြည်နယ်၊ဘားအံခရိုင်၊ပိုင်ကျုံမြို့၊အခြခံပညာအထက်တန်းကျောင်း၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ  ကျန်းမာရေးနှင့်အညီ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ဇူလိုင်လ ၄ ရက်နေ့နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့သည်။

အဆိုပါလုပ်ငန်အား အ-ထ-ကပိုင်ကျုံကျောင်းအုပ်ဆရာမကြီး၏ ကြီးကြပ်မှုဖြင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ ကျောင်းသားမိဘများနှင့်ကျောင်းသားကျောင်းသူတို့မှ ကျောင်းဝင်းအတွင်းနှင့် ကျောင်းဝင်လမ်း လမ်းဘေးဝဲယာရှိသစ်ပင်၊ သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်း၊ ခြုံပင်၊ နွယ်ပင်နှင့် မြက်ပင်များ ရှင်းလင်းခြင်းတို့ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ခြင်းကြောင့် ​မြို့အင်္ဂါရပ်နှင့်အညီ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပလာမည့်အပြင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ခြင်ကိုက်ခြင်းဖြုတ်ကိုက်ခြင်းများနှင့် ကင်းဝေးပြီး  စိတ်အေးချမ်းစွာဖြင့် ပညာသင်ကြားနိုင်မည်ဖြစ်ကြောင်း သိရသည်။

 နော်ခူး(ပြန်/ဆက်)