ပျော်ဘွယ်မြို့နယ်၌ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး

ပျော်ဘွယ် ဇူလိုင် ၆

ရန်ကုန်-မန္တလေးကားလမ်းမနှင့် ပျော်ဘွယ်မြို့နယ်အတွင်းရှိ ကြို့ကုန်း-လယ်တော်-မင်းရွာ-သီးကုန်းကျေးရွာတို့အား ဆက်သွယ်ထားသော ကျေးရွာချင်းဆက်လမ်းအား ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဇူလိုင်လ ၅ ရက် နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုကဲ့သို့ကြည့်ရှုစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမန္တလေးတိုင်းဒေသကြီးညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်ဇေယျာဝင်းက ကျောက်ချောလမ်းခင်းရာတွင် အရည်အသွေးပြည့်မီစေရန်နှင့် သတ်မှတ်ကာလအတွင်းပြီးစီးနိုင်ရေးတို့ကိုဆွေးနွေးပြီး ရမည်းသင်းခရိုင်နှင့်မြို့နယ် တာဝန်ခံ အင်ဂျင်နီယာတို့က လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

အဆိုပါ ကျောက်ချောလမ်းမှာ 0.436 km x 4.88 X 150 mm ဖြစ်ပြီး ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၆၀.၉၁ သန်းဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကာ လမ်းခင်းခြင်းလုပ်ငန်းပြီးစီးပါက ကျေးရွာပေါင်းခြောက်ရွာမှ ပြည်သူသုံးထောင်ကျော်သည် အဆင်ပြေလွယ်ကူချောမွေ့စွာ သွားလာနိုင်မည်ဖြစ်ကြောင်းသိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)