ကျောက်ဆည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် နွေနှမ်း ၄၄၆၂၂ ဧက ရိတ်သိမ်းခဲ့ရာ ၇၀၇၂၅၉ တင်းထွက်ရှိ

ကျောက်ဆည် ဇူလိုင် ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်၌ ဒေသတွင်း စားသုံးဆီဖူလုံရေး ၂၀၂၅- ၂၀၂၆ ခုနှစ် နွေနှမ်း ၄၅၅၆၅ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယနေ့အချိန်တွင် နွေနှမ်း ၄၄၆၂၂ ဧက ရိတ်သိမ်းခဲ့ရာ ၇၀၇၂၅၉ တင်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

နွေနှမ်းများစိုက်ပျိုးရာ၌ ဒေသနှင့်ကိုက်ညီသည့် ဆင်းရတနာ-၄၊ ဆင်းရတနာ-၁၂ နှမ်းမျိုးများ စိုက်ပျိုးကြပြီး စိုက်ပျိုးရာ၌ ဘောင်ကြီးတင်စနစ်ဖြင့် ၈၈၀၀ ဧက၊ တန်းစိုက်စနစ်ဖြင့် ၃၁၃၇၅ ဧက၊ ကြဲပက် ၃၅၉၀ ဧက စုစုပေါင်း ၄၅၅၆၅ ဧက စိုက်ပျိုးခဲ့ကြောင်းနှင့် တစ်ဧကပျမ်းမျှထွက်နှုန်းအ‌နေဖြင့်  ဘောင်ကြီးတင်စနစ်၌ ၁၆ ဒဿမ ၅၀ တင်း၊ တန်းစိုက်စနစ်၌ ၁၅ ဒဿမ ၅၃ တင်း၊ ကြဲပက် ၁၄ ဒဿမ ၃၀ တင်း ထွက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)