မိတ္ထီလာမြို့၌ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေး သင်တန်း(၁/၂ဝ၂၆)ဖွင့်လှစ်ပို့ချ

မိတ္ထီလာ ဇူလိုင် ၆

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက်သော ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း (၁/၂ဝ၂၆) ကို ယနေ့နံနက်ပိုင်းက ကန်တော်မင်္ဂလာခန်းမတွင် ဖွင့်လှစ်ပို့ချခဲ့ကြောင်းသိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားကို ဦးစွာကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦးက သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆက်လက်၍နိုင်ငံတော်အစိုးရ၏မူဝါဒ၊ ရည်မှန်းချက်များနှင့် ထွေအုပ်သမိုင်းကြောင်းနှင့် လုပ်ငန်းစဉ်များအကြောင်းပို့ချဆွေးနွေးခဲ့သည်။ သက်ဆိုင်ရာဌာနများမှသင်တန်းနည်းပြများက ဌာနအလိုက်သင်ခန်းစာခေါင်းစဉ်များဖြင့် လည်းကောင်း ဆက်လက်ပို့ချသည်။ အဆိုပါ သင်တန်းသို့ မိတ္ထီလာမြို့နယ်အတွင်း  ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအဖြစ် ရွေးချယ်ခံရသူများနှင့်ရပ်ကွက်၊ ကျေးရွာအုပ်စုစာရေးဝန်ထမ်းများ စုစုပေါင်း သင်တန်း၊ သားသင်တန်းသူ ၆၂ ဦးတက်ရောက်ပြီး သင်တန်းကို ဇူလိုင်လ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း သိရသည်။  

ချမ်းသာ