သတင်းများ

ပင်လောင်းမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် ကားလမ်းပြတ်ကျသည့် နေရာအား ပြုပြင်ပြီး ကားငယ်များ ဖြတ်သန်းသွားလာနိုင်
Aug 09,2024
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် မိုးများအဆက်မပြတ်ရွာသွန်းခဲ့ပြီး တောင်ကျရေများတိုက်စားမှုကြောင့် ကားလမ်းများ မြေသား ပြတ်ကျခြင်းနှင့်ကားလမ်းပေါ် မြေသားများပြိုကျခြင်းများ ဖြစ်ပွားခဲ့ရာ အဆိုပါနေရာများအား ပြုပြင်‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျုံပျော်မြို့နယ်တွင် ရေဝင်ရောက်မှုကြောင့် စာသင်ကျောင်း ၁၆ ကျောင်း ယာယီပိတ်ထားရ
Aug 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် ဒါးကချောင်းရေဝင်ရောက်မှုနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယနေ့ဩဂုတ်လ ၈  ရက်နေ့တွင် ဆင်ချောင်းကျေးရွာရှိ မူလတန်းကျောင်း တစ်ကျောင်း ထပ်မံပိတ်ခဲ့ရပြီး ယနေ့အထိ စာသင်ကျောင်း ၁၆ ကျောင်း ယာယီပိတ်ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဥတ္တရသီရိမြို့နယ်၊ ငန်းစပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Aug 09,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာအုပ်စု၊ ငန်းစပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်း စံပယ်ဆောင်တွင် ကျင်းပခဲ့သည်။
ကော့သောင်းမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး၊‌ ‌ဟောပြောပွဲနှင့်စာဖတ်ဝိုင်း ပြုလုပ်
Aug 09,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး၊‌‌ ဟောပြောပွဲနှင့်စာဖတ်ဝိုင်းကို ယမန်နေ့မွန်လွဲပိုင်းက အလက(ခွဲ)သီရိမြိုင်ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ 
ဝေါမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်
Aug 09,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ခြင်းကို ဩဂုတ် ၇ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမနှင့် ရေဘေးကယ်ဆယ်ရေးနေရာများ၌ ထောက်ပံ့မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားတက်ရောက်ကြမည့် လူငယ်ကိုယ်စားလှယ်များနှင့်တွေ့ဆုံပွဲ တက်ရောက်
Aug 09,2024
၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ ရခိုင်ပြည်နယ်ကိုယ်စား ပြုဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကျပ် ၈ ဘီလီယံနှင့်စပ်လျဉ်း၍ မန္တလေးတိုင်းဒေသကြီး ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Aug 09,2024
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကျပ် ၈ ဘီလီယံနှင့်စပ်လျဉ်း၍ မန္တလေးတိုင်းဒေသကြီးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးသိန်းဋ္ဌေးနှင့်ကော်မတီဝင်များ၊ ခရိုင်စီမံကိန်းကြီးကြပ်မှုကော်မတီဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
စေတုတ္တရာမြို့နယ်၌ ကျောင်းကျန်းမာရေးသီတင်းပတ် အထိမ်းအမှတ် လှုပ်ရှားမှုပြိုင်ပွဲများ ကျင်းပ
Aug 09,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနမှကြီးမှူး၍ မြို့နယ်မိခင်နှင်ကလေးစောင့်ရှောက်ရေးအသင်းတို့၏ ပူးပေါင်းမှုဖြင့် ကျောင်းကျန်းမာရေးသီတင်းပတ် အထိမ်းအမှတ်လှုပ်ရှားမှုအဖြစ် ကျန်းမာရေးဆိုင်ရာ မေးခွန်းများဖြေဆိုခြင်း၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကဗျာရွတ်ဆို ယှဉ်ပြိုင်ခြင်းများကို အ.လ.က(ခွဲ) အမှတ်(၁)၊ အ.ထ.က (စေတုတ္တရာ)ကျောင်းများတွင် ယမန်နေ့ နံနက် (၉) နာရီက ကျင်းပပြုလုပ်သည်။