သတင်းများ

အမရပူရမြို့၊ အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း၌ ပန်းခင်းစီမံချက် ၃ ဖြင့် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားကတ်များ ကွင်းဆင်းဆောင်ရွက်
Jul 12,2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်စေရေးအတွက် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားကတ်များ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန် ကအမရပူရမြို့၊ ဆင်စွယ်ပွတ်ရပ်ကွက်ရှိ အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
ချီဖွေမြို့နယ်၌ မီးဘေးသင့်မိသားစုဝင်များအား ‌ ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်
Jul 12,2024
ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၊ ရစ်လောခေါင်ရပ်ကွက်ရှိ အမှတ်(၂)စစ်ရှောင်စခန်း၌ ဇန်နောင်ကျေးရွာအုပ်စုမှ လာရောက်နေထိုင်သည့် လူနေအိမ်များ ယမန်နေ့တွင် လျှပ်စစ်ဝါယာရှော့ဖြစ်ပွားပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့် အိမ်ထောင်စုဝင်များအား ယနေ့နံနက်ပိုင်းက (KBC)ဘုရားကျောင်းခန်းမ၌ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့၌ ပြေစာများအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ အသိပညာပေး ဗီနိုင်းများ ပိုစတာများ လိုက်လံကပ်နှံပေး
Jul 12,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အခွန်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဟိုတယ်၊ တည်းခိုခန်းလုပ်ငန်းရှင်များ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များနှင့် လက်ကိုင်ဖုန်း (ဟန်းဆက်) အရောင်းဆိုင်လုပ်ငန်းရှင်များ၏ ဆိုင်များအတွင်း အများပြည်သူတွေမြင်နိုင်သောနေရာများ တွင် ယနေ့နေ့လယ်ပိုင်းက သက်ဆိုင်ရာဌာနများကူးပေါင်း၍ ပြေစာများအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ အသိပညာပေး ဗီနိုင်းပိုစတာများ လိုက်လံကပ်နှံပေးလျက်ရှိသည်။
တပ်ကုန်းမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ
Jul 12,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ ပြည်သာနိုင်ဓမ္မာရုံတွင် ကျင်းပသည်။
ကွမ်းခြံကုန်းမြို့နယ်တွင် ပြင်းထန်၀မ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Jul 12,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ပြင်းထန်၀မ်းပျက် ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကို ယမန်နေ့က လူစည်ကားရာနေရာများဖြစ်သော မြို့မဈေးနှင့်အခြေခံပညာကျောင်းများတွင် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဒုတိယမြောက်နေ့သို့တက်ရောက်
Jul 12,2024
MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဒုတိယမြောက်နေ့ကို ယမန်နေ့နံနက် ၉ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံးရှိ ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဆက်လက် ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုး ၊ ပြည်နယ်ဝန်ကြီးများ ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်၌ ပါဝင်ဆင်နွှဲကြသူများ၏ ရင်တွင်းစကားသံများ
Jul 12,2024
စာပေမြင့်မှ လူမျိုးတင့်မည်ဟူသည့်အတိုင်း ကျောင်းသားလူငယ်များစာအုပ်စာပေတွင် နှစ်သက်မွေ့လျော်ကာ စာပေဗဟုသုတဖြင့် ပြည့်စုံသူများဖြစ်လာစေရန်အတွက် မွန်ပြည်နယ်၊ သထုံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဇူလိုင်လ ၁၀ ရက်နှင့် ၁၁ ရက်နေ့များတွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာ ပွဲတော်တွင် ပါဝင်ဆင်နွှဲခဲ့သူများ၏ ရင်တွင်းစကားသံများအား ဖော်ပြပေးလိုက်ပါသည်။
ညောင်ဦးခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်များ၊ ပရဟိတအသင်းများမှ ရေဝင်ရောက်နေသည့် အိမ်များမှ ပစ္စည်းများကူညီပြောင်းရွှေ့ပေး
Jul 12,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် မြို့ပေါ်ရပ်ကွက်များအတွင်းသို့ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ယနေ့နံနက် ၉ နာရီအချိန်က ပစ္စည်းများ ကူညီပြောင်းရွှေ့ပေးလျက်ရှိကြောင်းသိရသည်။