လက်ပံတန်း ဇူလိုင် ၁၃
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက လက်ပံတန်းမြို့၌ မိုးရာသီ သီးပင်စားပင်များ စိုက်ပျိုးထားရှိမှု ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လက်ပံတန်းမြို့ ရန်ကုန်-ပြည်လမ်း မိုင်တိုင်အမှတ် ၈၇/၂ တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စိုက်ပျိုးထားရှိသော ကညင်တန်းလမ်း မိုးရာသီ သီးပင်စားပင် စိုက်ပျိုးခြင်းအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
လက်ပံတန်းမြို့နယ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပေါက်ပန်းဖြူ၊ ကြောင်ရှာ၊ မန်ကျည်း၊ သခွပ်၊ ကုက္ကိုလ် သီးပင်စားပင်များကို တစ်ပင်လျှင် ပေ ၄၀ခြားဖြင့် အရှည် ၄ ဖာလုံ စိုက်ပျိုးထားရှိကြောင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးမင်းထွန်း (ပြန်/ဆက်)