ကြည့်မြင်တိုင်မြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာ အသိပညာ‌ပေး ဟောပြောပွဲ ကျင်းပ

ကြည့်မြင်တိုင် ဇူလိုင် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အားကစားနှင့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ရင်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးမျိုးမင်းသန်းက လူငယ်နှင့်အားကစားခေါင်းစဥ်ဖြင့် ဟောပြောခဲ့သည်။ ဆက်လက်ပြီး အားကစားအဖွဲ့များက မြန်မာ့ရိုးရာခြင်းလုံး သရုပ်ပြခြင်း၊ fitness dance သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ပြီး အခြေခံပညာကျောင်းများအတွက် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။   

အဆိုပါ အခမ်းအနားသို့ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၁၅၀) ဦးခန့် တက်ရောက်ကြပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေး စာအုပ်၊စာစောင်များနှင့် နံရံကပ်စာ‌စောင်များကို တက်ရောက်လာကြသည့် ဆရာ၊ ‌ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ‌လေ့လာကြည့်ရှုကြကြောင်း သိရသည်။

ခိုင်ဇာလင်း(ပြန်/ဆက်)